ရည်မှန်းချက်များ
- မြန်မာနိုင်ငံကိုကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ခရီးစဉ်ဒေသတစ်ခုအဖြစ်
ပေါ်ထွက်လာစေရေးအတွက် ထိရောက်သော
ပြည်တွင်းပြည်ပဈေးကွက်မြှင့်တင်မှုများ ဆောင်ရွက်ခြင်းဖြင့် အထောက်အကူ
ဖြစ်စေရန်၊
- ခရီးသွားလုပ်ငန်းဆောင်ရွက်သူနှင့် ခရီးသည်တို့၏ အခွင့်အရေးကို
ကာကွယ်ပေးရန်နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်၊
- ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုကို
အာမခံနိုင်ရန်၊
- ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်
စီမံခန့်ခွဲရေးဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊
- ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရပ်များတိုးတက်ထွန်းကားစေ၍ အလုပ်အကိုင်
အခွင့်အလမ်းနှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊
- တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏
ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန်၊
- ခရီးသွားလုပ်ငန်းကိုအခြေပြု၍ဒေသအလိုက် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊
ဒေသခံများ၏စီးပွားရေးအခွင့်အလမ်းများ တိုးတက် ဖွံ့ဖြိုးလာစေရန်နှင့်
လူထုအခြေပြုခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊
- ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနပြုလုပ်လေ့လာခြင်း၊ စာတမ်းများပြုစုခြင်းတို့ကို
ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာတက္ကသိုလ်များ၊ ခရီးသွားလုပ်ငန်းတွင်
လက်တွေ့ပါဝင်ဆောင်ရွက်သူများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်။