ထားဝယ်
ထားဝယ်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တောင်ဘက် ပိုင်းတွင်တည်ရှိပါသည်။ ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး ဧရိယာ ၄၂၆၈.၃ ကီလိုမီတာ ကျယ်ဝန်းပါ သည်။ ယခင်က မြန်မာနိုင်ငံတွင် အရေးပါသည့် ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ပါသည်။ သစ်သားဖြင့် ဆောက်လုပ်သော ကိုလိုနီခေတ်အဆောက်အအုံများ၊ သက်ငယ်အမိုးဖြင့် တစ်ထပ်အိမ် များ၊ အုတ်နှင့်အင်္ဂတေအိမ်များရှိပါသည်။ ထားဝယ်မြို့တွင် ကျွန်းများ၊ ထင်ရှားသောသမိုင်းဝင် ဘုရားများ ရှိပါသည်။
မြိတ်
မြိတ်ကျွန်းစု(Mergui) ဟူသည်မှာ မြန်မာနိုင်ငံတောင်ဘက်ပိုင်း ပင်လယ်ရှိ ကျွန်းပေါင်း (၈၀၀) ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကျွန်းစုများဖြစ်ပါသည်။ ခရီးစဉ်ဒေသအသစ်ဖြစ်သည့် မြိတ်ကျွန်းစုများ သည် ဖြူနုနုသဲသောင်ပြင်များနှင် ပင်လယ်သဘာဝအလှအပမျိုးစုံ စုပုံလှသည်ဟူ၍ ပြောစမှတ်ပြုကြ ပါသည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်းစွန်းပိုင်းတွင် တည်ရှိသည့်မြိတ်မြို့သည်လှပလွန်းသည့် ကျွန်းစု များ သာမက နှစ်ပေါင်း(၅၀၀)ခန့် ပင်လယ်သမိုင်းကြောင်းများနှင့်အတူ အံ့သြမှင်သက်ဖွယ် ကောင်း သည့် ကိုလိုနီအဆောက်အဦ များနှင့် ပြည့်နှက်နေသည့် သွားရောက်လေ့လာသင့်သော နေရာတစ်ခု ပင်ဖြစ်ပါသည်။ မြိတ်ကျွန်းစုရှိ ကြည်လင်သန့်ရှင်းလှသည့် ပင်လယ်ရေများသည် ပုလဲမွေးမြူထုတ်လု ပ်ရေး အတွက် အကောင်းဆုံးဖြစ်ရုံသာမက ရင်သက်ရှု့မောဖွယ်ကောင်းလှသည့် ပင်လယ်ရေအောက် ရှုခင်းများ၊ ပင်လယ်နေသတ္တဝါတို့၏အလေ့အထများ စုဝေးရာနေရာ၊ သစ်ပင်ပန်းမန်များနှင့် ဇီဝမျိုး ကွဲများ ပေါများရာဒေသဖြစ်ရာ သဘာဝအလှတရား မြတ်နိုးသူများအတွက် မြိတ်သည် ကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံ လေးတစ်ခုနှင့်တူလှသည်။ ခရီးသွားဧည့်သည်များ၏ မြင်ကွင်းတွင်ပုန်းအောင်းနေသည့် ပင်လယ်အလှအပများနှင့်ပြည့်စုံလွန်းသည်သာမက ကန်များ၊ ထုံးအိုင်များ၊ တောရိုင်းတိရိစ္ဆာန်များနှင့် သဘာဝအတိုင်းလှနေသည့် မြိတ်ကျွန်းစုအား ဖော်ထုတ်ပြသရန် ယခုအခါသည် အချိန်ကောင်းဖြစ် ပါသည်။
အခြေခံအချက်အလက်များ
ထားဝယ်၊ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ဗမာ-ထိုင်း ကပြား၊ မွန်၊ ကရင်၊ ဆလုံနှင့် မလေးအနွယ် ဝင်လူမျိုးများနေထိုင်ကြပြီးဗမာ၊ထားဝယ်နှင့်ထိုင်းဘာသာစကားများ ပြောဆိုလေ့ရှိကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့အား ကိုးကွယ်ကြသည်။
မြေမျက်နှာသွင်ပြင်
အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး တစ်နှစ်ပတ်လုံး ပူနွေးလျက်ရှိသည်။ ဧရိယာအကျယ် အဝန်းမှာ ၄၃၃၄၅ စတုရန်း ကီလိုမီတာ/၁၆၇၃၃၆မိုင် ရှိပြီး မွန်ပြည်နယ်၊ မြန်မာ့ပင်လယ်ပြင်၊ ထိုင်းနိုင်ငံ တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေပါသည်။ မေလနှင့် စက်တင်ဘာလများတွင် မိုးသည်းထန်စွာ ရွာသွန်း လေ့ရှိသည်။
ထူးခြားမှုများ
မြိတ်မြို့သည် ၁၃ ရာစုနှောင်းပိုင်းမှ ၁၈ ရာစုအလယ်ပိုင်းထိ အယုဒ္ဓယ နှင့် ဆုခိုထိုင်းတို့ အုပ်စိုးနန်းစံ ခဲ့သည့် မြို့တစ်မြို့ဖြစ်ခဲ့ပြီး ပုလဲ၊ ရော်ဘာ၊ ငှက်သိုက်၊ ငါးပိ၊ ငါးခြောက် နှင့် ပုစွန်ခြောက် စသည် ဒေသထွက်ကုန်များ ပေါများကျော်ကြားပါသည်။