မကွေး
ကွေးတိုင်းဒေသကြီး၏မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသ အတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်း များ ဖြစ်ကြောင်း သက်သေခံနေသည့်အပြင် ၎င်းရုပ်ကြွင်းများမှာ အစိုးရအတွက် ဂုဏ်ယူစရာ ကိစ္စတစ်ရပ်လည်းဖြစ်သည်။ ယူနက်စ်စကို ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်စာရင်းဝင်အဖြစ် စာရင်းသွင်းခြင်းခံရသော ပျူမြို့ဟောင်းအချို့တို့အားလည်း မကွေးတိုင်းဒေသကြီးအတွင်း တွင် တွေ့နိုင်သည်။ မြစ်အနီး (သို့မဟုတ်) မြစ်နှင့်အတန်ငယ်ဝေးကွာသော နေရာများတွင် နေထိုင်ကြသော ဒေသခံများမှာ ၎င်း ဧရာဝတီမြစ်အား သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကထား အသုံးပြုကြသည်။ မကွေးတိုင်း ဒေသသည် လှပသော သဘာဝတရားများနှင့် လေးနက်မှုရှိသော သမိုင်းဝင်ဒေသတစ်ခုဖြစ်သည်။ ခရီးသွားဧည့်သည်များအနေဖြင့်လည်း အံ့သြဖွယ်ရာကောင်းသော ဗိသုကာလက်ရာများကို လေ့လာ ခြင်းဖြင့် ၎င်းဒေသ၏ အကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏ အဓိကကိုးကွယ်သည့် ဗုဒ္ဓဘာသာ ဆိုင်ရာ အကြောင်းအရာများကို လေ့လာနိုင်ကြပါသည်။
အခြေခံအချက်အလက်များ
မကွေးတိုင်းတွင် မြန်မာ(ဗမာ)လူမျိုးများ အဓိကနေထိုင်ကြပြီး အခြားတိုင်းရင်းသား လူမျိုးများဖြစ်သော ချင်း၊ရခိုင်၊ ရှမ်းနှင့် ကရန်းလူမျိုးများလည်းနေထိုင်ကြသည်။ အဓိက အားဖြင့် မြန်မာ(ဗမာ)စကားကို အသုံးပြုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်စယာန်၊ အစ္စလာမ် ဘာသာကိုးကွယ်သူ များအသီးသီးနေထိုင်ကြသည်။
မြေမျက်နှာသွင်ပြင်
မကွေးတိုင်းဒေသကြီးသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့နှင့် နီးစပ်စွာတည်ရှိသည်။ တည်နေရာအကျယ်အဝန်းအားဖြင့် ၄၄၈၂၀.၆ ကီလိုမီတာ (၁၇၃၀၅.၃ စတုရန်းကီလိုမီတာ) ရှိပြီး အပူပိုင်းခြောက်သွေ့ဒေသ ရာသီဥတုကို ပိုင်ဆိုင်ထားသည်။
ထူးခြားမှုများ
သယ်ယူပို့ဆောင်ရေး၊ သွားလာရေးတို့အနေဖြင့် ကုန်းကြောင်းအား အဓိကအသုံးပြုပြီး နှမ်းကဲ့သိုသော ကောက်ပဲသီးနှံအမျိုးမျိုးနှင့် အခွံမာသီးများ စိုက်ပျိုးခြင်းဖြင့် ထင်ရှားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဆီနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု အမြင့်ဆုံးဒေသတစ်ခုဖြစ်သည်။