ကချင်ပြည်နယ် သည်မြန်မာနိုင်ငံ၏မြောက်ဘက်စွန်းပိုင်းတွင်တည်ရှိပြီးတောင်တန်း များ ၏ အရှင်သခင်ဖြစ်သော ဟိမဝန္တာတောင်တန်းများဖြင့် ဝန်းရံထားသည့်လှပသော နေရာတစ်ခုဖြစ်ပါသည်။ ကချင် ပြည်နယ် သည် မျက်စိပသာဒဖြစ်စေသောတောင်တန်းများ၊ တောင်ကုန်းများနှင့်ရေကန်များတည်ရှိရာ နေရာဖြစ်သည့်အတွက်တောင်တန်းများကို နှစ်သက်မြတ်နိုးသူများအတွက် ကောင်းကင်ဘုံအလားပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အမြင့်ဆုံးအပိုင်းဖြစ်သောခါကာဘိုရာဇီတောင်ထိပ်သည်လည်းကချင်ပြည်နယ်တွင်တည်ရှိပါသည်။ ကချင်ပြည်နယ်သည် အရှေ့တောင် အာရှရှိကုန်းတွင်းရေကန်များထဲတွင်အကြီးဆုံးဖြစ်သောအင်တော်ကြီးကန်တည်ရသည့်နေရာဖြစ်ပါသည်။
မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး အခြားအရေးပါသော မြို့များမှာဗန်းမော်၊ မိုးညှင်းနှင့် ပူတာအိုမြို့များဖြစ်ပါသည်။ထို့ပြင်မြန်မာနိုင်ငံ၏ အရေး အပါဆုံး မြစ်ဖြစ်သောဧရာဝတီမြစ် စတင်စီးဆင်းရာနေရာလည်းဖြစ်ပါသည်။ ဧရာဝတီ မြစ်ကမ်းတစ်လျှောက်ရှိစိမ်းစို လန်းဆန်းနေသောလယ်ယာစိုက်ခင်းရှုခင်းများသည် အောက်မေ့ဖွယ်ရာရေခဲတောင်ရှုခင်းများနှင့် ရောယှက်နေပြီးခရီးသွားဧည့်သည်များကို စွဲဆောင်နေသောနေရာလည်းဖြစ်ပါသည်။ ကချင်ပြည်နယ်သည်ရွှေနှင့် ကျောက်မျက် ရတနာများပေါများခြင်းကြောင့်လည်းထင်ရှားသောပြည်နယ်တစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ် ၏တစ်ဖက်တစ်ချက်စီတွင် ရွှေတူးနေကြသူအများအပြားကိုလည်း တွေ့မြင်နိုင် ပါသည်။
မြန်မာနိုင်ငံမြောက်ဘက်စွန်းပိုင်းတွင်တည်ရှိနေသော ကချင်ပြည်နယ်တွင် ခရီးသွား ဧည့်သည် များအတွက် ပျော်ရွှင်စေနိုင်သောအံ့သြဖွယ်ရာသဘာဝရှုခင်းများ ရှိပါသည်။ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရေးအပါဆုံးမြစ်ဖြစ်သောဧရာဝတီမြစ် စတင် စီးဆင်းရာနေရာလည်းဖြစ်ပါသည်။ ခရီးသွားများအနေဖြင့် မြစ်ကြီးနားမြို့မှ အနည်းငယ် ခရီးဆက်သွားလျှင် မေခမြစ် နှင့်မလိခမြစ်တို့ ပေါင်းဆုံ၍ ဧရာဝတီမြစ်အဖြစ်စီးဆင်းရာ “မြစ်ဆုံ”သို့လည်း သွားရောက်လည်ပတ်အပန်းဖြေနိုင်ပါသည်။ ကြည်လင်သောရေနှင့် အေးမြသောရာသီဥတုတို့မှာအလွန်ပင် နှစ်သက်မြတ်နိုးစရာကောင်းလှပါသည်။ ကျယ်ပြန့် လှသောဧရာဝတီမြစ်ကမ်းတစ်လျှောက် သည်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အကောင်းဆုံးဖြစ်သောကြောင့် စိမ်းစိုလန်းဆန်းသောစိုက်ပျိုးမြေများ အများဆုံးတွေ့မြင်ရ သော နေရာလည်းဖြစ်ပါသည်။ ကချင်ပြည်နယ်သည် သဘာဝကို မြတ်နိုးတန်ဖိုးထားသူများ သွားရောက်လည်ပတ်လေ့ရှိပြီးရင်သပ် ရှုမောဖွယ်ကောင်းသောမြန်မာနိုင်ငံ၏ အကြီးဆုံး သဘာဝကန်ဖြစ်သည့် အင်းတော်ကြီးကန် တည်ရှိရာနေရာလည်းဖြစ်ပါသည်။ စိတ်လှုပ်ရှား ဖွယ်ရာအပျော်တမ်းငါးဖမ်းခြင်း၊ ကယပ်လှေလှော်ခြင်း၊ တောင်တက်ခြင်းနှင့် ဆိုင်ကယ် စီးခြင်းများလုပ်ဆောင်နိုင်သော်လည်းယခုအချိန်ထိပျက်စီးမှုနည်းပါးနေသေးသောခရီးစဉ်ဒေသတစ်ခုလည်းဖြစ်ပါသည်။
ကချင်ပြည်နယ်သည် ဟိမဝန္တာတောင်တန်းများနှင့်များပြားလှသောမြစ်ချောင်း၊ အင်းအိုင် များအစပြုရာနှင်းတောင်တန်းများတည်ရှိသော မြန်မာနိုင်ငံ၏တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါသည်။ အမြင့်ပေ ၅၈၈၂မီတာရှိမြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သော ခါကာဘိုရာဇီတောင်ကိုမြန်မာနိုင်ငံ၏မြောက်ဖက်အစွန်ဆုံးဖြစ်သောတောတောင်များထူထပ်ရာကချင်ပြည်နယ်တွင်တွေ့ရှိနိုင်ပါသည်။ ၎င်းကိုအရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင် အဖြစ်သတ်မှတ်ထားပါသည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည်အမြဲစိမ်းသစ်တောများ၊ ရွက်ပြတ်တောများ၊ဆီးနှင်းတောများဝန်းရံထားသောဥယျာဉ်တစ်ခုဖြစ်ပါသည်။ တောတောင် ထူထပ်မှုကိုကြိုက်နှစ်သက် သူများအတွက် ကောင်းမွန်သော ဒေသတစ်ခုဖြစ်ပါ သည်။ မြစ်ကြီးနာမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီးစီးပွားရေး အချက်အချာ ကျသောမြို့ဖြစ်သည်။ ကချင်ဒေသ၏ သဘာဝအလှ တရားကိုခံစားလိုသူများအတွက် မြစ်ကြီးနားမြိုတွင်အေးမြသောရာသီဥတုနှင့်သန့်ရှင်းသပ်ရပ်မှုများကို ခံစားနိုင်ပါသည်။