Mobile Logo
×

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတမ်းပေါ်တွင် တည်ရှိပါသည်။ အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ကမ်းရိုးတမ်းရှည်တစ်ခုရှိသည်။ ၁၀၀၄၉ ပေအမြင့်ရှိသော ဗစ်တိုးရီးယားတောင်ထိပ်သို့ မြင့်တက်သွားသော ရခိုင်ရိုးမသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရခိုင်ပြည်နယ်ကို ပိုင်းခြားထားသည်။ ရခိုင်ပြည်နယ်တွင်  မာန်အောင် နှင့် မြေင ူ ကဲ့သို့သော ကမ်းရိုးတန်းမလှမ်းမကမ်းရှိ အသင့်အတင့်ကြီးမားသော ကျွန်းစုများတည်ရှိသည်။ ရခိုင်ပြည်နယ်တွင် ရန်ကုန်မှလေကြောင်းလိုင်းအားဖြင့် ၄၅ ကီလိုမီတာ အကွာတွင်တည်ရှိသော မြန်မာနိုင်ငံ၏ နာမည်ကြီးသောကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေတည်ရှိသည်။ ငပလီကမ်းခြေသည် အတော်အသင့်ထင်ရှားသော်လည်း လူများထူထပ်ပြည့်ကျပ်မနေခြင်းနှင့် သူ၏ စိမ်းပြာရောင်တောက်ပသောရေ၊ အဖြူရောင်သဲပွင့်များ၊ ထန်းပင်များ နှင့် တံငါရွာများကြောင့် ပိုထင်ရှားလေသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်မင်းဆက်၏ ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦး၊ ရှစ်သောင်းပုထိုးတော်ကြီး၊ ဓုကန်သိမ်းဘုရား၊ ကိုးသောင်းပုထိုးတော်ကြီး၊ လေးမျက်နှာဘုရား၊ အံ့တော်ဘုရားများ စသည့် ခရီးသွားလာသူများ လာရောက်လည်ပတ်နိုင်သည့် နေရာကောင်းများ တည်ရှိပါသည်။

Gallery

ရင်သပ်ရှုမောဖွယ်ကောင်းသော ကမ်းခြေအလှအပများ

ရခိုင်ပြည်နယ်တွင် ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ကမ်းရိုးတန်းရှည် တည်ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏အကောင်းဆုံးကမ်းခြေများထဲမှ တစ်ခုဖြစ်ပါသည်။ ထိုအထဲတွင် အထင်ရှားဆုံးသည် အာရှရှိ အလှဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ငပလီကမ်းခြေဖြစ်သည်။  ငပလီကမ်းခြေသည် သူ၏ စိမ်းပြာရောင်ေ တာက်ပသောရေနှင့် နူးညံ့သော အဖြူရောင်သဲပွင့်များကြောင့် အပန်းဖြေအနားယူရန် အကောင်းဆုံးနေရာတစ်ခုြ ဖစ်ပေသည်။ ကမ်းရိုးတမ်းတစ်လျှောက်တွင်တည်ရှိသော ထန်းပင်များတည်ရှိသည့် ငပလီသည် ယခုချိန်ထိတိုင် လူဦးရေသိပ်မထူထပ်ခြင်း သဘာဝအလှတရားများ မပျက်မစီးသေးဘဲ တည်ရှိနေခြင်းက ခရီးသွားလာသူများ၏ အကြိုက်ဆုံးအကြောင်းအရာတစ်ချက် ဖြစ်စေသည်။ ငပလီ ကမ်းခြေနှင့် ကီလိုမီတာ ၁၀၀အကွာတွင်တည်ရှိသော ကန်သာယာကမ်းခြေသည်လည်း တိတ်ဆိတ်ငြိမ်သက်ပီး အေးချမ်းသော ကမ်းခြေတစ်ခုဖြစ်လေသည်။ ထိုနေရာတွင် ခရီးသွား လာသူများသည် သဘာဝ၏ အလှတရားကို ကောင်းစွာခံစားနိုင်သည်။ ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ် နေသူများသည် ရှေးဟောင်းရခိုင်လူမျိုးများနှင့် မြန်မာလူမျိုးများအခြေချေ နထိုင်ခဲ့သောမာန်အောင်ကျွန်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါသည်။ ထိုနေရာသည် မြန်မာနိုင်ငံတွင် အစောဆုံးရှာဖွေတွေရှိခဲ့သော နေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်လေသည်။ အခြားသွားရောက်လည်ပတ်သင့်သည် ကျွန်းမှာ စစ်တွေ၏ တောင်ဘက် ၅ကီလိုမီတာ အကွာတွင်တည်ရှိသော မြေငု ကျွန်းဖြစ်သည်။ ထိုကျွန်းကို ကုန်းမြေထုကမ်းခြေ မှ ၂မီတာအကွာရှိသော ရေလက်ကြားတစ်ခုက ပိုင်းခြားထားသည်။

လှပသောတောင်တန်းရှုခင်းများနှင့် စေတီပုထိုးများ

လှပသော တောင်တန်းရှုခင်းများရှိသည့် ရခိုင်သည် များပြားလှစွာသော ဘုရားများ စေတီပုထိုး များတည်ရှိရာ နေရာတစ်ခုဖြစ်လေသည်။ ထိုအထဲတွင် မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရှေးဟောင်း သုတေသနနယ်မြေဖြစ်သည့် မြောက်ဦးသည် ထင်ရှားကျော်ကြားသည်။ မြောက်ဦး မြို့သည် ရာစုနှစ်များမရေတွက်နိုင်သော အထိမ်းအမှတ်အဆောက်အဦးဟောင်းများရှိသည့် မြို့ငယ်လေးြ ဖစ်သည်။ ရှေးဟောင်းသုတေသနဆိုင်ရာနယ်မြေသည် ၁၅ရာစုမှ ၁၈ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့သော အိမ်ရာများ၊ ဘုရားများ၊ ပုထိုးတော်များ၊ ပျက်စီးယိုယွင်းနေသော ရှေးဟောင်းနန်းတော်ကြီးများ နှင့် ပြည့်နှက်နေပါသည်။ ကိုးသောင်းပုထိုးတော်ကြီးသည် အေဒီ ၁၅၅၄ နှင့် ၁၅၅၆ ကြားတွင် ဘုရင်ဒုက္ခ တည်ဆောက်ခဲ့သည့် မြောက်ဦးတွင် အကြီးဆုံး ပုထိုးတော်ကြီး ဖြစ်ပေသည်။ အထင်ရှား အပေါ်လွင်ဆုံးဖြစ်သည့် အထိမ်းအမှတ် အဆောက် အဦးများထဲမှ တစ်ခုမှာ ရှစ်သောင်းပုထိုးတော်ကြီး ဖြစ်သည်။ ရှစ်သောင်းပုထိုးတော်ကြီး ကို ဘုရားဆူပေါင်း ၈၀၀၀၀ ရှိသည့် ဘုရားကျောင်း သို့မဟုတ် အောင်မြင်ခြင်းဘုရားဟုလည်း သိကြသည်။ မြောက်ဦးရှိ အခြားထင်ရှားကျော်ကြားသောဘုရားမှာ လေးမျက်နှာဘုရားဖြစ်ပါသည်။ ထိုဘုရားသည် ရှစ်သောင်းပုထိုးတော်ကြီး၏ အနောက်မြောက်ဘက်တွင် တည်ရှိပါသည်။ ထိုဘုရားတွင် ဘုရားဆင်းတုတော်ရှစ်ဆူနှင့် ဝင်ပေါက်လေးခုရှိပါသည်။

ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းသော ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်ကို ပိုင်ဆိုင်ထားပါသည်။ စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်ပါသည်။ စစ်တွေမြို့သည် ကုလားတန်၊ မေယု နှင့် လေမိုဖြစ်များပေါင်းဆုံရာ မြစ်ဝ ကွျှန်းပေါ်တွင် တည်ရှိပါသည်။ စစ်တွေမြို့သည် ကုလားတန်မြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်တို့၏ သာယာလှပသောရှုခင်းများကို ကြည့်ရှုနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည့်အပြင် စစ်တွေမြို့ သည် အရေးကြီးသော ဘုရားများ ပုထိုးတော်ကြီးများ မြောက်မြားစွာရှိသော မြို့တစ်မြို့လည်း ဖြစ်ပါသည်။ ရွေစေတီဘုန်းကြီးကျောင်းတိုက်သည် နှစ်ပေါင်းရာ ကျော်သက်တမ်းရှိသော ဗိသုကာ လက်ရာမြောက်သည့် ဘုန်းကြီးကျောင်း တစ် ကျောင်းတိုက် ဖြစ်ပါသည်။ စစ်တွေဘုရားကြီးသည် စစ်တွေမြို့ ဘုရားသာသနာနယ်မြေ၏ အချက်အချာအဖြစ် သတ်မှတ်နိုင်သည့် ထင်ရှားေ ကျာ်ကြားသော ကျောင်းတိုက်တစ်ခုဖြစ်ပါသည်။ လောကနန္ဒဘုရားသည် စစ်တွေမြို့တွင်အကြီးဆုံး ဘုရားတစ်ဆူဖြစ်ပါသည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဓိကကျသော တိုင်းရင်းသား လူမျိုးစုများဖြစ်သည့် ရခိုင်လူမျိုးများ၏ ဇာတိဖြစ်သည် ။ ရခိုင်ပြည်နယ်ရှိလူဦးရေသည် မြန်မာနိုင်ငံ လူဦးရေ၏ ၅%ရှိသည် ။ ရခိုင်လူမျိုးများသည် အဓိကအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ် ကြပီး မြန်မာ့ယဉ်ကျေးမှုနှင့်ဆင်တူသည့် ယဉ်ကျေးမှုတစ်ခုကို ကျင့်သုံးသည်။

Scroll to top