စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်းကို ရှေးအခါက ဇေယျပူရအောင်နိုင်ခြင်းမြို့တော်ဟု ခေါ်တွင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်တည်ရှိပြီး စစ်ကိုင်းမင်းနေပြည်တော်၏ မြို့တော် လည်းဖြစ်ခဲ့သည်။ အင်းဝ ခေတ်တွင် မင်းသားများ၏ ပြည်နယ်ဖြစ်ခဲ့သည်။ စစ်ကိုင်းသည် သာသနာထွန်းကားရာ နယ်မြေဖြစ် သည်။ စစ်ကိုင်းတောင်သည် တရားအားထုတ်ရာ စခန်း များဖြင့်လည်း လူသိများလှ သည်။ ဧရာဝတီ မြစ်နှင့်အပြိုင် တည်ရှိနေသော စစ်ကိုင်းတောင် ရိုးပေါ်ရှိဘုန်းကြီးကျောင်းများနှင့် ဘုရားပုထိုးများ ၏ခံညားလှသောရူခင်းသည်လည်း လာရောက်လည်ပတ်သည့် ဧည့်သည်များအား အံသြလောက် စေသည်။ စစ်ကိုင်းတိုင်း၏ထူးခြားသောယဉ်ကျေးမှုများကို ကမ္ဘာတစ်ဝန်းရှိ ဧည့်သည် များ လာရောက် လေ့လာနိုင်သည်။
အခြေခံအချက်အလက်များ
စစ်ကိုင်းတိုင်းတွင်နေထိုင်ကြသူများသည် ဗမာ၊ ရှမ်း၊ နာဂနှင့် ချင်းလူမျိုး များမှ ဆင်းသက်လာ သူများဖြစ်သည်။ အဓိကအားဖြင့် ဗမာစကားပြောဆိုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူ ဘာသာတို့ကို ကိုးကွယ်ကြသည်။
မြေမျက်နှာသွင်ပြင်
ပျမ်းမျှမိုးရေချိန်မှာ ၈၀၇မီလီမီတာရှိပြီး သမပိုင်းဇုန်ရာသီဥတုဖြစ်သည်။ စစ်ကိုင်း တိုင်းသည် ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ၉၃၅၃၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
ထူးခြားမှုများ
စစ်ကိုင်းတိုင်းသည် သာသနာ့နယ်မြေများပေါများပြီး တရားအားထုတ်ရာ နေရာ တစ်ခုလည်းဖြစ် သည်။ နေထိုင်သူဦးရေမှာ ၂၀၁၄ခုနှစ်တွင်(၃၀၇၁၉၄)သိန်းရှိသည်။
စစ်ကိုင်းတိုင်းသည် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော ဘုရားများ ကိန်းဝပ်ရာ ဒေသဖြစ်သည်။ စစ်ကိုင်းတောင်ပေါ်တွင် ရာပေါင်းများစွာသော ဘုရားများကို ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် တွေ့မြင် နိုင်သည်။ အချို့နေရာများသည် ထိပ်သို့ ရောက်ရန် ခရီးကြမ်းသော် လည်း ထိပ်သို့ရောက်လျှင် ရှူခင်းများမှာ စိတ်အပန်းပြေလှသည်။ ဧည့်သည်များအနေဖြင့် ရွှေရောင်လွှမ်းနေ သောဘုရားများ၏ အံမခန်း ဖွယ်ရာမြင်ကွင်းများကို စစ်ကိုင်းတဝိုက်တွင် တွေ့နိုင်သည်။ ပြီးနောက် နာမည်ကြီး ဘုရားတစ်ဆူဖြစ်သော မင်းကွန်းပုထိုးတော်ကြီးကို လေ့လာနိုင်ရန် မင်းကွန်းသို့ ခရီးဆက်နိုင်သည်။ ဘုရားကြီးမှာ၁၈ရာစုတွင် ဘိုးတော် ဘုရားမင်းကြီး တည်ထားခဲ့သော ဘုရားလေးဆူအနက် တစ်ဆူ ဖြစ်ပြီး ထူးခြားသောဗျာဒိတ်တော်ကြောင့် အပြီးမသတ်နိုင်ခဲ့ပေ။ ထို့အပြင် လာရောက်လည်ပတ်သူ များသည် ဘုံခုနှစ်ဆင့်ဝန်းရံ ထားသော မြသိန်းတန်စေတီ၏ ခမ်းနားမှူများကိုလည်း တွေ့နိုင်သည်။ ထိုစေတီမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ဖူးသော်လည်း ဘုရင်တစ်ပါးက ပြန်လည်ပြုပြင်မွန်းမံခဲ့ သည်။
သမိုင်းဝင်နေရာများဖြင့် လှပသော စစ်ကိုင်းတိုင်းသည် အထင် ကြီးလောက်စရာကောင်းသည့် သမိုင်း အမွေအနှစ်များနှင့်အတူ ရှေးဟောင်း အဆောက်အဦး များလည်းများစွာရှိသည်။ ရွှေဘိုရတနာမင်္ဂလာ နန်းတော်ကြီးတွင်လည်း အနုစိတ်လှသည့် ဗိသုကာလက်ရာများနှင့်အတူ ရှေးမြန်မာဘုရင်များ၏ စနစ်ကျသောစီမံမှူများကို ဂုဏ်ယူ ဖွယ်ရာတွေ့မြင်နိုင်သည်။ သာသနာထွန်းကားရာ နေရာဖြစ်သည့် အပြင်လာရောက်သူများ အနေဖြင့် ဘုန်းကြီးများ၊ မယ်သီလရှင်များ၏တရားအားထုတ်မှူများကိုပါ လေ့လာနိုင် သည်။ ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ရှေးဟောင်းပျူမြို့၃မြို့ထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် သမိုင်းဝင်ဟန်လင်းမြို့ကို လည်း မလွှဲမသွေ သွားရောက်လေ့လာသင့် သည်။
စစ်ကိုင်းသည် ၎င်းကြိမ်ဖြင့်ပြုလုပ်ထားသော ထွက်ကုန်များကြောင့် လူသိများပါသည်။ ကြိမ်ဖြင့်ပြု လုပ်ထားသော ကုလားထိုင်များ၊ စားပွဲများ၊ ဆက်တီများ၊ ပန်းလင်ပန်းများ၊ ခေါင်းအုံးများနှင့် ခြင်းများကို စစ်ကိုင်းတစ်လွှားတွင် တွေ့ရပါသည်။ ကြိမ်ထွက်ပစ္စည်း များကို စစ်ကိုင်းမြို့နယ်ရှိ တင်း တိမ်၊ မန်ကျည်းစင်နှင့် မန်ကျည်းကုန်းရွာများတွင် ပြုလုပ် ကြပါသည်။ ဒေသခံကျွမ်းကျင် ပညာရှင်များသည် အရည်အသွေးကောင်းသော ကြိမ်များကို အသုံးပြု၍ ကြိမ်ထည်လက်မှုပစ္စည်းများ ကို ဖန်တီးကြပါသည်။ စစ်ကိုင်းတွင်တွေ့ရှိရသော ကြိမ်ပင်များကို အိမ်နီးချင်းနိုင်ငံများတွင်လည်း တွေ့ရှိရပါသည်။ ကြိမ်ပင်များကို တင်သွင်း ခြင်းသည် နိုင်ငံ၏စီးပွားရေးကို များစွာအထောက် အကူပြုပါသည်။ ကြိမ်ထည်ရက်လုပ်သော ကျွမ်းကျင်လုပ်သား ၂၀၀ ကျော်သည် ၎င်းတို့၏ အတွေ့ အကြုံများနှင့်ဗဟုသုတများကို လာရောက်လည် ပတ်သောဧည့်သည်များသို့ ပြောပြကြပြီး ဧည့် သည်များသည်လည်း ထွက်ကုန်များကို ဝယ်ယူနိုင်ပါသည်။ မြို့ထဲတွင် ကြိမ်ထည်လက်မှုပစ္စည်း အရောင်းစင်တာများနှင့် ပြခန်းများစွာရှိပြီး နိုင်ငံခြားသားဧည့်သည်များ ဝယ်ယူရရှိနိုင်ပါသည်။