Mobile Logo
×

ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး

စိမ်းလန်းသော တောတောင်များနှင့် သားရိုင်းတိရစ္ဆာန်များဖြင့် ပြည့်စုံနေသော ဧရာဝတီတိုင်း ဒေသ ကြီး  သည် သဘာဝ၏ အလှအပများအားရှာဖွေရန် ချစ်မြတ်နိုးသူများအတွက် ပြီး ပြည့်စုံသည့် နေရာ တစ်ခုအဖြစ် ရှိနေပါသည်။ ရန်ကုန်မြို့မှ ၎င်းဒေသသို့ သွားရောက်ရန် အချိန် ၂ နာရီခန့် ကြာမြင့်ပါ သည်။ ဧရာဝတီတိုင်းဒေသကြီး သည် တိတ်ဆိတ်ငြိမ်းချမ်းသော အခြေအနေများရှိခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားဧည်သည့်များ အပန်းဖြေအနားယူရန်အတွက် ၎င်းဒေသသို့ လာရောက်မှု များပြား ပါသည်။ စနေနေ့နှင့် တနင်္ဂနွေနေ့ အားလပ်ရက်များတွင် ကမ်းခြေများသို့ ၎င်းဒေသနှင့် အလွန် မဝေးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်တွင်းခရီးသွားဧည့်သည်များလည်း လာရောက် လည် ပတ်ကြပါသည်။ ကမ်းခြေများ၏ ဆွဲဆောင်မှုရှိသည့် မြင်ကွင်းဖြစ်သော အပြာရောင် ကောင်း ကင်အောက်ရှိ ကြည် လင်နေသော ရေပြင်သည် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်လျက်ရှိ နေပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ပေါကြွယ်ဝသော လူမျိုးစုများ နေထိုင်ကြပါသည်။ ထို့အပြင် ဘုရားများသို့ သွားရောက်လည်ပတ်ဖူးမျှော်ခြင်း၊ ဆင်များအား လေ့လာခြင်း၊ ရွက်လွှင့်ခြင်း ကဲ့သို့သော လှုပ်ရှားဆောင်ရွက်ခြင်းများနှင့် ပျော်ရွှင်စရာ စွန့်စားမှုများကို လာရောက်ပြုလုပ်ရန်လည်း ဧရာဝတီတိုင်းဒေသကြီးမှ ဖိတ်ခေါ်လျက်ရှိပါသည်။

အခြေခံအချက်အလက်များ

ဧရာဝတီတိုင်းဒေသကြီးတွင် ဗမာ၊ ရခိုင်၊ အင်ဒီးယန်းလူမျိုးများနှင့် ကရင်လူမျိုးများ အတူတကွ နေထိုင်ကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာ တို့ကို အများဆုံး ကိုးကွယ်ကြ ပါသည်။ ဒေသခံများသည် မြန်မာစကား/ဗမာစကားကို အဓိကထား ပြောကြပါသည်။

 မြေမျက်နှာသွင်ပြင်

ဧရာဝတီတိုင်းဒေသကြီး၏ အကျယ်အဝန်းမှာ ၃၅,၁၄၀ ကီလိုမီတာ ၂/၁၃,၅၇၀ စတုရန်းမီတာ ရှိပြီး ပဲခူတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကပ္ပလီပင်လယ်တို့နှင့် နယ်နမိတ်ချင်း ဆက်စပ် လျက်ရှိပြီး အပူပိုင်းဒေသ မိုးများသော ရာသီဥတုနှင့် အပူပိုင်းဒေသ အမြဲ စိမ်းလန်း သော ရာသီဥတု များ ရှိပါသည်။

ထူးခြားမှုများ

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံရှိ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးထက် လူဦးရေ နေထိုင်မှုသည် အများဆုံးဖြစ်ပြီး (၂၀၁၄) တွင် လူဦးရေ ၆.၁၈၄ သန်း ရှိပါသည်။ ဧရာဝတီ တိုင်းဒေသကြီးသည် နိုင်ငံ၏စီးပွားရေးအတွက် များစွာ အထောက်အပံ့ဖြစ်သော သစ်တောများဖြင့် ဖုံးလွှမ်းနေပါသည်။

Gallery

မြစ်ဝကျွန်းပေါ်ဒေသ၏ အလှအပများ

ဧရာဝတီမြစ်သည် မြစ်ဝကျွန်းပေါ်တစ်လျှောက် အက်ဒမန်ပင်လယ်အထိ စီးဆင်းပြီး ရှားပါး တိရိစ္ဆာန်များနှင့် ဂေဟစနစ်တို့အတွက် ကောင်းမွန်သောမြေသြဇာကို ဖန်တီးပေးပါသည်။ မြစ်လက် တက်များအဖြစ် ခွဲဖြာစီးဆင်းနေပြီး မြစ်ဝကျွန်းပေါ်တလျှောက် နှုန်းမြေများ၊ လမုတောနှင့် ရွှံ့နွံ တောများသည် ဆန်စပါးစိုက်ပျိုးရန်အတွက် ဖြစ်ထွန်းလျက်ရှိသည်။ ဆောင်းရာသီတွင် ဆောင်းခို ငှက်များလည်း မြစ်ဝကျွန်းပေါ်၌ လာရောက် ကျက်စားလေ့ရှိသည်။ ထို့အပြင် ခရီးသွား ဧည့်သည်များ အနေဖြင့် ပင်လယ်ငှက်များ၊ ခေါင်းညို စင်ရော်ငှက်များ၊ ရေကြက်များ၊ ဘဲငန်းများနှင့် နို့တိုက် သတ္တဝါမျိုးစိတ်များကို မြစ်ဝကျွန်း ပေါ်တလျှောက်တွင် တွေ့မြင်နိုင်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် အာရှဆင်များသည် တစ်နှစ်ထက်တစ်နှစ် အရေအတွက် လျော့နည်းလာသော်လည်း ၎င်းတို့၏ နေထိုင်ကျက်စား ကြပုံများကို ခရီးသွားဧည့်သည်များ လေ့လာနိုင်သည်။ မြစ်ဝကျွန်း ပေါ်ဒေသ၏ တောင်ဘက် ပိုင်းတွင် မိချောင်းများ ကျင်လည်ကျက်စားကြပြီး အာရှဆင်များကဲ့သို့ပင် အရေအတွက် လျော့နည်းကာ အနည်းငယ်ပင် ကျန်ရှိတော့သည်။ ထို့အပြင် ခရီးသွားဧည့်သည် များအနေနှင့် ရှားပါးသောသမင်မျိုးစိတ်များနှင့် တောဝက်များကို ကြည့်ရှုလေ့လာနိုင်သည့် အပြင် ကျားသစ်၊ ကျားများ၊ ပင်လယ်လိပ်များကဲ့သို့ ရှားပါးမျိုးစိတ်များကိုလည်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ တွင် အနှံ့အပြား တွေ့ရှိနိုင်သည်။

ဧရာဝတီလင်းပိုင်များ၏ဌာနေ

ဧရာဝတီမြစ်တွင် ကျက်စားနေထိုင်ကြသောကြောင့် ‘ဧရာဝတီလင်းပိုင်’ ဟုခေါ်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဧရာဝတီမြစ်ကို အခြေပြု၍ ဝမ်းစာအတွက် အလုပ်လုပ်ကိုင်နေကြရသော ငါးဖမ်းသမား များနှင့် သိသာထင်ရှားသော အပြန်အလှန် ဆက်ဆံရေးများရှိသည်။ ၎င်းတို့က ငါးဖမ်းသမားများ၏ ငါးဖမ်းပိုက်များဆီသို့ ငါးများကို ဝင်ရောက်စေရန် လုပ်ဆောင်ပေးပြီး ငါးဖမ်းသမားများကလည်း ဖမ်းဆီးရရှိသည့် ငါးများကို ဧရာဝတီ လင်းပိုင်များအား ပြန်လည်ကျွေးမွေးကြသည်။ လင်းပိုင်များနှင့် လူတို့အကြား ဤကဲ့သို့ ထူးခြားသော ပူးပေါင်းလုပ်ဆောင်မှုများသည် လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ထူးဆန်းအံ့အားသင့်စေသည်။ မြန်မာနိုင်ငံသည် ဧရာဝတီလင်းပိုင်များ နေထိုင်ကျက်စားရာ နိုင်ငံအများစုထဲမှ တစ်ခုဖြစ်ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို စတင် လုပ် ဆောင်ခြင်း အပါအဝင် မျိုးစိတ်များကို ကာကွယ်နိုင်ရေးအထိပါ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက် နေပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် လာရောက်လည်ပတ်စဉ်အတွင်း ရရှိနိုင်သည့် အတွေ့အကြုံများမှာ ဧရာဝတီလင်းပိုင်များအား လေ့လာခြင်း၊ လှေခရီးစဉ် များ၊ ကျေးရွာများသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်များ၊ ငါးဖမ်းပိုက်ပြုလုပ်ပုံများနှင့် သားရဲတိရစ္ဆာန်များအား လေ့လာခြင်းတို့ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များသည် ဒေသခံများက ရိုးရာနည်းလမ်း အတိုင်း ငါးဖမ်းခြင်းကို လေ့လာသည့်အတွက် ငါးဖမ်းသမားများသည် လင်းပိုင်များကို ခေါ်ရန်အတွက် ၎င်းတို့ စီးနှင်းထားသည့် ကနူးလှေ၏ တစ်ဖက်တစ်ချက်စီကို ရိုက်၍ အသံပေးကြရသည်။ ထိုအခါ လင်းပိုင် များသည် ငါးဖမ်းသမားများကို ငါးဖမ်းရာတွင် ကူညီရန် လာရောက်ကြပြီး စူးစမ်းလေ့လာရန် ရောက်ရှိ နေကြသည့် ခရီးသွားဧည့်သည်များအား ကြိုဆိုသည့်ပုံစံများ၊ လှေအနီးအနားတွင် လှည့်ပတ်ရေး ကူးကြခြင်းများကို ပြုလုပ်ကြသည့် အတွက် ခရီးသွားဧည့်သည်များအနေဖြင့် စိတ်ဝင်စားဖွယ်အတွေ့ အကြုံကို ရရှိစေပါသည်။

ရင်သပ်ရှုမောဖွယ်ကောင်းသော ကမ်းခြေများ

ဧရာဝတီတိုင်းဒေသကြီးသည် စိတ်ချမ်းမြေ့ဖွယ်ကောင်းသော ကမ်းခြေများနှင့် အပန်းဖြေနေရာများ ကြောင့် ထင်ရှားကျော်ကြားပါသည်။ သန့်ရှင်းကြည်လင်လှသည့် ပင်လယ် ရေ၊ သဲသောင်ကမ်းခြေ များနှင့် ပင်လယ်လေကောင်းလေသန့်များသည် အားလပ်ရက်အချိန် များကို ပင်လယ်ကမ်းခြေ၌ ကောင်းမွန်သော ခံစားချက်များဖြင့် ကုန်ဆုံးချင်သူများအတွက် အသင့်တော်ဆုံးဖြစ်နေသည်။ ဆွဲဆောင်မှုရှိသော ကမ်းခြေများသည် အလုပ်၏ ဖိအားများကို ခံနေရသူများအတွက် ထွက်ပေါက် တစ်ခုလည်းဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် အရွယ်အမျိုးမျိုးသော ခရီးသွားဧည့်သည် များအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ပါဝင် ဆောင်ရွက်မှုများနှင့်အတူ နိုင်ငံတွင် အကောင်းဆုံး ကမ်းခြေအတွေ့အကြုံများထဲက တစ်ခုကို ခံစားရစေနိုင်သည့် လူသိများသော အပန်းဖြေနေရာတစ်ခု ရှိပါသည်။ ကမ်းခြေများသည် အပန်းဖြေရာတွင် သက်တောင့်သက်သာ နေထိုင်ရန်အတွက် အခြား ပြည်နယ်ဒေသများမှ ဒေသခံများကိုပါ ဆွဲဆောင်ပါသည်။ ဤဒေသသည် ရင်သပ်ရှုမောဖွယ် ကောင်းသော ကမ်းခြေတွင် နေဝင်ဆည်းဆာ ကိုကြည့်ရှုရင်း ကောင်းမွန်သော အနံ့အရသာနှင့် ပြည်စုံ သည့် ဟင်းလျာများကို သုံးဆောင်နိုင်ပါသည်။ ကမ်းခြေများသို့ သွားရောက်လည်ပတ်ရသည်ကို ကြိုက်နှစ်သက်သူများအနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့သည် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရေး အတွက် ပိုမိုလှပသော ကမ်းခြေများကို ထပ်မံရှာဖွေလျက်ရှိသောကြောင့် နောင်တွင် လူသိနည်းပြီး အလှတရားများ ဖုံးကွယ်လျက်ရှိသော ကမ်းခြေများကိုလည်း သွားရောက်လည်ပတ်နိုင်မည် ဖြစ်ပါ သည်။ လမ်းတံတားများ ကောင်းမွန်ရန်နှင့် လျှပ်စစ်မီးလုံလောက်စွာ ရရှိရန် ကြိုးပမ်း ခြင်းအားဖြင့် ဒေသခံပြည်သူများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ အနေဖြင့် မထိတွေ့ရ သေးသော ပင်လယ် ကမ်းခြေများဆီသို့ သွားရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့ မည်ဖြစ်ပါသည်။ နိုင်ငံခြား ခရီးသွားဧည့်သည်များအနေဖြင့်လည်း ၎င်း ခရီးစဉ်ဒေသအသစ်များတွင် ပေါ်ပေါက်လာမည့် Guest House များ၊ ဟိုတယ်များတွင် နေထိုင်အပန်းဖြေနိုင်မည်ဖြစ်ပါသည်။

Scroll to top