Mobile Logo
×

ချင်းပြည်နယ်

ချင်းပြည်နယ်

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး မြို့တော်မှာ ဟားခါးမြို့ဖြစ်သည်။ အမြင့်ပေ ၃၀၅၃ မီတာ မြင့်၍ ခရီးသွားဧည့်သည်များနှင့် တောင်တက် ခရီးနှစ်သက်သည့် ခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။ ချင်းပြည်နယ်သည် ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နမိတ် ချင်း ထိစပ်လျက်ရှိသည်။ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအတွက် ချင်းပြည်နယ်သို့သွား ရောက်ရန် အကောင်းဆုံးလမ်းမှာ ပုဂံမှ ချင်းပြည်နယ်၏ဝင်ပေါက် မင်းတပ်မြို့သို့ သွားခြင်း ဖြစ်သည်။ မင်းတပ်မြို့ကို ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မော်တော်ဘုတ်စီး၍ ကမ္မ၊ ပေါက်နှင့် ကျောက်ထုမြို့တို့ကို ဖြတ်သန်းပြီး သွားရောက်နိုင်သည်။ ဝိတိုရိယတောင်(Mt. Victoria) သည် ချင်းပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည် များတောင်တက်ခြင်းကို ပျော်ရ်ွှင်ခံစားနိုင်ပါသည်။ တောင်စောင်းတစ်လျှောက်တွင် လမ်း များပြတ်တောက်နေပြီး လမ်းကြိုလမ်းကြားများက မျက်စိပသာဒဖြစ်စေသော ချင်းပြည်နယ် ၏ မြင်ကွင်းများနှင့်အတူ ခရီးသွားများကို ကူညီပေးလျက်ရှိသည်။

အခြေခံအချက်အလက်များ

အများစုမှာ ချင်းလူမျိုးများဖြစ်ကြပြီး တီးတိန်၊ လိုင်နှင့် ဗမာစကားများကို ပြောဆို ကြသည်။ ခရစ်စယာန်နှင့် ထေရဝါဒဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ကြသည်။

မြေမျက်နှာသွင်ပြင်

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး ချင်း တောင်တန်းသည် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ ချင်းပြည်နယ်၏ အကျယ်အဝန်းမှာ ၃၆၀၁၈.၈ စတုရန်းကီလိုမီတာ (၁၃၉၀၆.၉ စတုရန်းမိုင်) ကျယ်ဝန်းပြီး ရာသီဥတုမှာ အနည်းငယ် ပူနွေးစိုစွတ်သည်။

Gallery

ရိဒ်ရေကန်

ရိဒ်ရေကန်သည် အသည်းပုံသဏ္ဍာန်ရှိခြင်းနှင့် ဒီဇင်ဘာလတိုင်းတွင် ရေများ နီကြင်ကြင် အရောင်သို့ ပြောင်းသွားခြင်းတို့ကြောင့် လူသိများကျော်ကြားသည်။ ဤသဘာဝ ရေကန်သည် တစ်နှစ်ပတ်လုံး ရေများ ပြည့်လျှံနေသောကြောင့် ဧည့်သည့်များ တစ်နှစ်လုံး အချိန်မရွေး လာရောက် လည်ပတ်နိုင်သည်။ ရိဒ် ရေကန်သည် ဖလမ်းမြို့နယ်၏ အနောက် ဘက်ပိုင်းတွင်တည်ရှိကာ ကိုယ်ပိုင်ကားများ၊ ဘတ်(စ်)ကားများဖြင့် အလွယ်တကူသွား ရောက်လည်ပတ်နိုင်သည်။

ရိဒ်ရေကန်သည် ညီအစ်မနှစ်ယောက်၏ ဒဏ္ဍာရီဖြစ်သောကြောင့်လည်း ကျော်ကြား သည်။ ညီမဖြစ်သူ ကွယ်လွန်ပြီးနောက် အစ်မဖြစ်သူ ရိဒ်အိုင်သည် ရေကန်အဖြစ်သို့ မိမိကိုယ် ကို ပြောင်းလဲဖန်ဆင်း၍ ၎င်းရေကန်မှ ရေကိုတိုက်ကာ ညီမဖြစ်သူကို အသက်ပြန်လည် ရှင်စေခဲ့သည်။ ထိုနောက် ညီမဖြစ်သူသည် ရေကန်အနီးတဝိုက်၌ လှည့်လည်သွားလာရာမှ လုံခြုံမည့်နေရာကို ရှာဖွေရာ နောက်ဆုံး ရိဒ်ရေကန်၌ပင် အခြေချနေထိုင်ခဲ့ပါသည်။

သဘာဝအလှများနှင့် ပြည့်နှက်နေသော ကုန်းမြင့်တောင်တန်းဒေသ

ချင်းပြည်နယ်သည် သစ်ပင်ပန်းမန်နှင့် တိရိစ္ဆာန်မျိုးစိတ် တစ်ရာကျော် တည်ရှိရာ နေရာဒေသ တစ်ခုဖြစ်ပါသည်။ ရှားပါးပြီး ထိမ်းသိမ်းမှုပြုလုပ်ထားသည့် ပန်းပွင့်များ၊ အပင်များ၊ တိရိစ္ဆာန်များနှင့် အင်းဆက်များ၊ ထူးခြားဆန်းပြားသောဇီဝမျိုးကွဲများက ခရီးသွားဧည့်သည်များကို အမှတ်ရစေသည့် ခရီးသွားလုပ်ငန်းကို အထောက်အကူပေးပါ သည်။ ချင်းပြည်နယ်သည် ဒေသရင်းငှက်မျိုးစိတ်များ၊ ရွှေ့ပြောင်းငှက်မျိုးစိတ်များ အပါ အဝင် ၁၅၉ မျိုးသောငှက်တို့ပျော်စံရာ အရပ်ဖြစ်သည့်အတွက် ငှက်မျိုးစိတ်လေ့လာလိုသူများ အတွက် နိဗ္ဗာန်ဘုံအလားပင် ထင်ရပါသည်။ ထို့အပြင် ခရီးသွားဧည့်သည်များအား ထူးခြား သည့် အတွေ့အကြုံများပေးသည့် အရှေ့တောင်အာရှကျားသစ်များ၊ တောဝက်များကိုလည်း ထိုဒေသတွင် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။
ခရီးသွားများအနေဖြင့် စိမ်းလန်းစိုပြေသော တောင်တန်းကြီးများဖြင့် ဝန်းရံထားသည့် ၉ထပ်ရေတံခွန်ကြီးတွင် သဘာဝအလှခံစားရင်း မိမိတို့နှစ်သက်ရာ ကိစ္စများကို ဆောင်ရွက် နိုင်မည်ဖြစ်သည်။ ရေတံခွန်ကြီး၏ ဘေးဖက်ရှိ ကျောက်နံရံများပေါ်တွင် ကြီးမားသော ပျားအုံကြီးများ စွဲကပ်နေသည်ကို တွေ့မြင်နိုင်သည့်အပြင် ရေတံခွန်၏အပေါ်ဖက်အဆင့် များတွင် ရှားပါးသစ်ပင် ပန်းမန်များ ဖူးပွင့်နေသည်ကို ရှုမြင်ခံစားနိုင်ပါသည်။ တောင်ခြေ ရွာ မှ ရေတံခွန်သို့ သွားရာလမ်းတစ်လျှောက်တွင် သစ်ပင်များ အုံ့ဆိုင်းကာ ခရီးသွားများ အနေဖြင့် ရေတံခွန်သို့သွားရင်း သဘာဝသစ်ပင် ပန်းမန်များ၊ ရှားပါးဇီဝ မျိုးစိတ်များနှင့် တွားသွားသတ္တဝါများကိုပါ တစ်ခါတည်း လေ့လာနိုင်ပါသည်။

စစ်မှန်သောဒေသအတွေ့အကြုံများ

ချင်းပြည်နယ်တွင် ယဉ်ကျေးမှုအမွေအနှစ်များနှင့် လူမျိုးနွယ်စုများစွာရှိသောကြောင့် ကမ္ဘာ လှည့် ခရီးသည်များသည် ထူးခြားဆန်းပြားသောဒေသနှင့် လူမျိုးစုများအကြောင်းကို ပိုမိုလေ့လာနိုင် သည်။ ရိုးရာဝတ်စုံများ ဆင်မြန်းခြင်း၊ အသုံးအဆောင်များနှင့် ဧရာမ နားကွင်းများ၊ ထယ်ထိုးခြင်းနှင့် လယ်ရိတ်သိမ်းခြင်းများ စသည့်နေ့စဉ်လုပ်ငန်း ဆောင်တာ များကို ခရီးသည်များမျက်မြင်ကိုယ်တွေ့ တွေ့မြင်နိုင်ပြီး ပျော်ရွှင်ဖွယ်ရာပွဲတော် များတွင် လည်းပါဝင်ဆင်နွှဲနိုင်ပါသည်။ ခရီးသည်များသည် ရွာသူရွာသားများနှင့် အပြန်အလှန်ဆက်ဆံပြောဆိုနိုင်ပြီး ချင်းပြည်နယ်ရှိ လူမျိုးစုတစ်စုချင်းစီအကြောင်းကို ပိုမိုနားလည်သဘောပေါက်နိုင်သည်။ ဒေသခံများသည် သူတို့၏ ရွာများကို ခရီးသည်များအား လိုလိုလားလားလိုက်လံပြသလိုကြပြီး ချင်းလူမျိုးစုများသာ သိသော ထူးခြားဆန်းပြားပြီး မထိခိုက်မပျက်စီးသေးပဲ သဘာဝအတိုင်းရှိနေသောနေရာဒေသများ သို့လည်း လှည့် လည်ပို့ဆောင်လိုကြသည်။

Scroll to top