Mobile Logo
×

ကယားပြည်နယ်

ကယား

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင်အငယ်ဆုံးပြည်နယ်ဖြစ်သော်လည်း ဇီဝမျိုးစုံကွဲပြားမှု အလွန် များပြားပြီး အံ့သြဖွယ်ခရီးသွားအတွေ့အကြုံများစွာကိုလည်း ရရှိနိုင်ပါသည်။ နှစ်ပေါင်း ၅၀ ခန့် ခရီးသွားများ မသွားလာနိုင်ခဲ့သည့်ပြည်နယ်မှာ စစ်မှန်မှုများဖြင့်တောက်ပနေပြီး လူအများသိရှိခြင်း မရှိသေးသည့် မြန်မာနိုင်ငံ၏ သဘာဝရတနာများကိုတွေ့မြင်ခံစားနိုင်ရန်အတွက် ခရီးသွားများ ဝင်ရောက်နိုင်ရန်ပြန်လည်ဖွင့်လှစ်ထားပါသည်။ ကယားပြည်နယ်တွင်မတူညီသည့် တိုင်းရင်းသား မျိုးနွယ် (၉) မျိုး နေထိုင်ပြီး ပြည်နယ်ငယ်လေးအတ်ငင်းမှခရီးသွားဧည့်သည်များအတွက် ယဉ်ကျေးမှု နှင့် အမွေအနှစ်များကို လေ့လာနိုင်ရန်အခွင့်အရေးများစွာရရှိစေမှာဖြစ်ပါသည်။ အထင်ရှားဆုံး မျိုးနွယ် စုများမှာ ကယားနှင့် ကယန်းလူမျိုးတို့ဖြစ်ပါသည်။ ကယားလူမျိုးများမှာ တောက်ပသည့် အနီရောင် ခြုံထည်များကို ဝတ်ဆင်ကြပြီး ကယန်းလူမျိုးများမှ လည်ပင်းတွင်ကြေးကွင်းများ ဝတ်ဆင်ကြပါသည်။ မြို့ငယ်လေးမှ ဒေသခံတို့၏ နွေးထွေးပျူငှာ ဧည့်ဝတ်ကျေပွန်မှုနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း မှတဆင့် တိုင်းရင်းသားများနှင့် မမေ့နိုင်သည့်အတွေ့အကြုံများကို ရရှိစေမည်ဖြစ်ပါသည်။ ဒေသခံများ မှ သူတို့၏ ကျွမ်းကျင်မှုအမျိုးမျိုးကို ခရီးသွားဧည့်သည်များအား ပြသပေးကြပါသည်။

အခြေခံအချက်အလက်များ

ကယားပြည်နယ်တွင် ကယား၊ ကယန်း၊ ဘရီ၊ လထနှင့် ရင်ဘော် လူမျိုးစုများရှိပါသည်။ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်မှုများလည်းရှိပါသည်။ ကယားလီစကား၊ မြန်မာ/ ဗမာ စကားနှင့် အင်္ဂလိပ်စကား(အနည်းငယ်) ကို ပြောဆိုကြပါသည်။

မြေမျက်နှာသွင်ပြင်

ကယားပြည်နယ်မှာ မြန်မာနိုင်ငံအရှေ့ဘက်တွင်ရှိပြီး တောင်ထူထပ်ပါသည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်ထိုင်းနိုင်ငံတို့ဖြင့်ထိစပ်နေပါသည်။ ပြည်နယ်မှာ ဧရိယာ ၁၁၇၃၁.၅ စတုရန်းကီလို မီတာ (သို့) ၄၅၂၉.၆ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ ကုန်းမြင့်ဒေသများမှာ ယေဘုယျအားဖြင့် စွတ်စို ပြီး အပူချိန်လျော့နည်းကာ  အနိမ့်ပိုင်းဒေသများမှာ အပူပိုင်းမုတ်သုန်ရာသီဥတုဖြစ်ပါသည်။

စိတ်ဝင်စားဖွယ်အချက်အလက်များ

ကယားလူမျိုးများမှာ နတ်ကိုးကွယ်ယုံကြည်ကြပါသည်။ ကယားပြည်နယ်အတွင်း လောပိတ ဆည်တွင်ရေအားလျှပ်စစ်စက်ရုံရှိပါသည်။ ကယားအမျိုးသမီး(ကရင်နီ)များမှာလည်ပင်းတွင် ကြေး ကွင်း များ ဝတ်ဆင်လျှက်ရှိကြပါသည်။

Gallery

ထင်ရှားသည့် လူမျိုးများ

ကယားပြည်နယ်တွင် တွေ့ရသည့်ကွဲပြားသော တိုင်းရင်းသားမျိုးနွယ်အုပ်စုများမှာ ကရင် ယဉ်ကျေးမှု မှ ဆင်းသက်လာခြင်းဖြစ်ပြီး အကြီးဆုံးတိုင်းရင်းသားမျိုးနွယ်အုပ်စုမှာ ကယား၊ ကယန်း၊ ကယော့၊ ဇယိမ်း၊ ဘွဲ့၊ ဂေးဘား၊ ဂေးကို နှင့် ရင်ဘော် တို့ဖြစ်ကြပါသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံများ ကို မျိုးရိုးစဉ်ဆက်အားကောင်းစွာ စောင့်ထိန်းလျှက်ရှိပါသည်။ တိုင်းရင်းသားအများစုမှာ ရိုးရာ အဝတ်အထည်များကို ဝတ်ဆင်လျှက်ရှိပြီး ကယားနှင့်ကယန်းလူမျိုးစုများမှာ သိသာထင်ရှား ပါသည်။ ကယားလူမျိုးများမှာ အနီရောင်ကိုအမြဲဝတ်ဆင်ပြီး၊ ကယန်းလူမျိုးများမှာ လည်ပင်းတွင် ကြေးကွင်းများဝတ်ဆင်ထားကြပါသည်။ ကယန်းလူမျိုးများ၏လည်ပင်းကြေးကွင်းများ ဝတ်ဆင်ခြင်း နှင့် ရှည်လျားသည့် လည်ပင်းကြောင့် အရှေ့တောင်အာရှတွင် လူသိများထင်ရှားသည့် တိုင်းရင်းသား အုပ်စုဖြစ်ပါသည်။ ကယားလူမျိုးများမှာ ကေထိုးဘိုး ရိုးရာဓလေ့များကိုလိုက်နာပြီး ရိုးသားပြီး ထာဝရ ဘုရားကိုယုံကြည်သူများဖြစ်သည်။ဓလေ့ထုံးတမ်းအရဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် တိရစ္ဆာန် များနှင့် အစားအစာများဖြင့် နတ်ပူဇော်ကြပါသည်။ သို့ရာတွင် တိုင်းရင်းသားတို့၏ နတ်ကိုးကွယ်သည့် ယဉ်ကျေးမှုမှာ တဖြည်းဖြည်းကွယ်ပျောက်လာပြီး ကြာရှည်ကျယ်ပြန့်စွာ ကျင့်သုံး နိုင်တော့မည် မဟုတ်ပေ။

ဓလေ့ထုံးတမ်းများနှင့်ရိုးရာယဉ်ကျေးမှုများကိုထိန်းသိမ်းခြင်း

ကမ္ဘာလှည့်ခရီးသည်များသည် ကယားပြည်နယ်၏ရိုးရာဓလေ့ထုံးတမ်းများ၊ လက်မှုအတတ် ပညာ များနှင့်ဂီတတို့တွင်တန်ဘိုးထားမှုကိုတွေ့မြင်နိုင်ပြီး ဒေသခံပြည်သူများ၏ နွေးထွေးဖော်ရွေပျူငှာမှု ကိုလည်းသိရှိနိုင်ပါသည်။ အချို့သောဒေသခံပြည်သူများမှာ နတ်ကိုးကွယ် ယုံကြည်ကြသောကြောင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် နတ်ကွန်းများကို သွားရောက်လေ့လာနိုင်ပြီး နတ်ဆရာများကို လည်း တွေ့မြင်နိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် နတ်ဆရာများ အမဲလိုက်ပုံလိုက်နည်းကို မျက်မြင်ကိုယ်တွေ့လေ့လာနိုင်ပြီး၊ လောက်လေးခွပစ်ခြင်း၊ ပြည်နယ်ထွက်အစားအသောက်များကို မြည်းစမ်းခြင်းများလည်းပြုလုပ်နိင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် တောကျွမ်းပြီး အမဲလိုက် ကျွမ်းကျင်သည့် ဒေသခံများနှင့်အတူ အမဲလိုက်ခြင်းကိုလည်းလုပ်ဆောင်နိုင်ပါသည်။ ဒေသခံများမှ လာရောက်လည်ပတ်သူများအား သဘာဝတောလမ်းများအတိုင်း တောတွင်းလမ်းလျောက်ခြင်း၊ တောတွင်းပျော်ပွဲစားထွက်ခြင်းနှင့် လည်ပတ်သူများအားဒေသခံများကဲ့သို့ ရေကန်ဘေးတွင် အသား ကင်ခြင်းများတွင်ပါဝင်ဆင်နွှဲနိုင်ရန်လမ်းညွှန်ပေးကြသည်။ ဤကဲ့သို့လုပ်ဆောင်မှုများကြောင့် ဒေသ ခံ များအား ၎င်းတို့၏ဒေသန္တရအလေ့အကျင့်များကို ဆက်လက်ကျင့်သုံးစေရုံသာမက ကမ္ဘာလှည့် ခရီးသည်များအား ဒေသခံတို့၏ အစစ်အမှန်နေထိုင်မှုပုံစံကို ကြုံတွေ့ခံစားရနိုင်ပါသည်။

အနုစိတ်သည့် လက်မှုပညာများ

လက်မှုပညာမှာ ကယားပြည်သူများ၏ အိမ်တွင်းမှု၊ အနုပညာဖန်တီးမှုနှင့် နတ်(ဝိညာဉ်) ယုံကြည်မှု တွင် အလွန်အရေးပါသည့် ကဏ္ဍတွင်ရှိပါသည်။ ဒေသထွက် ဝါး၊ သစ်သားတို့ဖြင့် ပြုလုပ် ထားသည့် တူရိယာပစ္စည်းများမှာ အလွန်အနုပညာလက်ရာမြောက်လှပါသည်။ “ကလို(Kaloe)” ဟု ခေါ်သည့် ဝါးဂစ်တာများပြုလုပ်ရာတွင် အလွန်နာမည်ကြီးပါသည်။ ကျေးရွာများမှ ပြုလုပ်သည့် ဝါးခြင်းနှင့်ဝါး ပိုက်ဆံအိတ်များကို အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူကြပါသည်။ ဒေသခံ များမှာ ယက္ကန်းယက်လုပ်ရာတွင် ကျွမ်းကျင်သည့်  အတွက်လည်းထင်ရှားပါသည်။ အဝတ်အထည် များကို သဘာဝဖြစ်ဆိုးဆေးများအသုံးပြု၍ ယက္ကန်းဖြင့် ယက်လုပ်ကြပြီး၊ အရောင်မျိုးစုံ ခြယ်သထား သည့် ခေါင်းစည်းပုဝါများကို အမှတ်တရလက်ဆောင်အဖြစ် ယက်လုပ်ကြပါသည်။ ရွာသူရွာသား များမှာ ဖားစည်များကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသည်ဟုယုံကြည်ကြပြီး အလေးအမြတ်ထား ကြပါ သည်။ ကြေးဖြင့်ပြုလုပ်ထားသည့် မှိုပုံသဏ္ဍာန်ကိရိယာကို အထူးကိစ္စရပ်များတွင် တီးခတ်ကြ ပါသည်။ ချက်ပြုရေးပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို ဝါး၊သစ်သားများဖြင့် ပြုလုပ်ကြပြီး ရွာသား များမှာ လက်ဝတ်ရတနာများကို ကြေးထည်၊ ရှားပါးကျောက်များဖြင့် ပြုလုပ်ကြပါသည်။ ရွာသားများ အနေဖြင့် လက်မှုပညာကျွမ်းကျင်မှုကြောင့် ဖန်တီးပြသကြပါသည်။

Scroll to top