Mobile Logo

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မူဝါဒ (၆) ရပ်

  1. ခရီးသွားလာရေးလုပ်ငန်းများကို နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍဖြစ်စေရေး၊
  2. ခရီးသွားလာရေးလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံး စံများ၊ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင် များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊
  3. ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ တိုးတက်ကျယ်ပြန့်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊
  4. နိုင်ငံတကာနှင့်ဒေသတွင်း ချုပ်ဆိုထားသော သဘောတူစာချုပ်များကို နိုင်ငံ၏ အကျိုးစီးပွားနှင့်ယှဉ်၍ တတ်စွမ်းသမျှ အကောင်အထည်ဖော်ဆောင်ရေး၊
  5. ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ခရီးသွားလာရေးကဏ္ဍအနေဖြင့် ပါဝင်ဖြည့်ဆည်း အကျိုးပြုစေရေး၊
  6. ရေရှည်တည်တံ့ခိုင်မြဲပြီး အများပါဝင်မှုရှိသော တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး။
image