ဌာနခွဲအလိုက် တာဝန်နှင့်ဝတ္တရားများ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ
- ဝန်ကြီးရုံးနှင့် အမြဲတမ်းအတွင်းဝန်ရုံးများ၏ အုပ်ချုပ်မှုကိစ္စရပ်များကို
ဆောင်ရွက်ခြင်း။
- ဝန်ကြီးဌာနဝန်ထမ်းစီမံနှင့် အထွေထွေအုပ်ချုပ်ရေးကိစ္စများ စီမံဆောင်ရွက်ခြင်း။
- မြန်မာနိုင်ငံရှိ သင်တန်းများ တက်ရောက်ရန် ရွေးချယ်ခံရသူများအား
ညှိနှိုင်းဆောင်ရွက်ပေးခြင်း။
- ပြည်တွင်းပြည်ပနှီးနှောဖလှယ်ပွဲများ၊ ပြပွဲနှင့်ဆွေးနွေးပွဲများသို့ တက်ရောက်သော
ဝန်ကြီးဌာနကိုယ်စားလှယ်များ၏ကိစ္စများ ကြီးကြပ်ခြင်း။
- မှတ်ပုံတင်လုပ်ငန်းများ၊ ဝန်ကြီးဌာန၏လုပ်ငန်းလိုင်စင်နှင့် အခွန်အခဆိုင်ရာ ကိစ္စရပ်
များဆောင်ရွက်ခြင်း။
မူဝါဒရေးရာဌာန
- မူဝါဒ၊ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ ထုတ်ပြန်ခြင်း၊
ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊
- ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ တင်ပြလာသည့် လုပ်ငန်းဆိုင်ရာ
တင်ပြချက်များကို မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီ/မညီ စိစစ်ခြင်း၊
- နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် သဘောတူထားသည့်
မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်
ကြီးကြပ်ခြင်း၊
- လွှတ်တော်အပါအဝင် အထက်အဖွဲ့အစည်းများမှ မေးမြန်းသည့် မေးခွန်းများ
ဖြေကြားခြင်း၊ ကတိကဝတ်ဆိုင်ရာများ ဆောင်ရွက်ခြင်း၊
- ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများနှင့် အစိုးရအဖွဲ့ကော်မတီအသီးသီးသို့
အမှာစာများ ပြုစုတင်ပြခြင်း၊
- ဝန်ကြီးဌာန၏ မူဝါဒသာမက ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်း
များနှင့် ဆက်စပ်နေသော ကဏ္ဍအလိုက် မူဝါဒများကို စိစစ်တင်ပြခြင်း။
စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ
- နှစ်တို/နှစ်ရှည်၊ နှစ်စဉ်စီမံကိန်းများရေးဆွဲခြင်းနှင့် တိုးတက်မှုအစီရင်ခံခြင်း။
- ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏စီမံကိန်းများအား
ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်း။
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ စုစည်းထားသောစာရင်းအင်း ကိန်းဂဏန်း
အချက်အလက်များအား အခြားဝန်ကြီးဌာနများသို့ ဖြန့်ဝေရာတွင်
ညှိနှိုင်းဆောင်ရွက်ခြင်း။
- သက်ဆိုင်ရာစာရင်းအင်းကိန်းဂဏန်းအချက်အလက်များအား စုစည်းဆောင်ရွက်ခြင်း။
- သတင်းအချက်အလက်ကိန်းဂဏန်းများအား ICT နည်းပညာသုံးစွဲ၍
စုစည်းထိန်းသိမ်းခြင်း။
- တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့်ချိတ်ဆက်၍ သတင်းအချက်အလက်များ
စုဆောင်းခြင်း၊ ဖြန့်ဝေခြင်းတို့ကိုအစဉ်ကြီးကြပ်ခြင်း။
- E-Government နှင့် သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာလုပ်ငန်းများကို
အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
- သုတေသနလုပ်ငန်းများဆောင်ရွက်၍ အကဲဖြတ်စီစစ်ခြင်း။
- ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်သော အသင်းအဖွဲ့များ၏
ဆောင်ရွက်မှုမှတ်တမ်းများအား ICT နည်းပညာဖြင့်ထိန်းသိမ်းဆောင်ရွက်ခြင်း။
ဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲ
- လုပ်ထုံးလုပ်နည်းများနှင့်အညီ ရသုံးမှန်းခြေငွေစာရင်းကို စီမံဆောင်ရွက်ခြင်း။
- ဌာနများ၏လစဉ်ရသုံးဘဏ္ဍာငွေအချက်အလက်များကို စီစစ်ခြင်း။
- ဘဏ္ဍာရေးလုပ်ငန်းစဉ်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ခြင်း။
- ဝန်ကြီးဌာနတွင်း စာရင်းစစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း။
- ပြည်ထောင်စုစာရင်းစစ်ရုံး၏ စာရင်းစစ်လုပ်ငန်းစဉ်များအားခံယူရန် စီစဉ်ခြင်းနှင့်
စာရင်းစစ်လုပ်ငန်းမှ ထွက်ပေါ်လာသောအချက်လက်များကို ပြန်လည်စီစစ်ခြင်း။
ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ
- ပြည်တွင်းပြည်ပမီဒီယာများမှ မေးမြန်းလာသည့် သတင်းအချက်အလက်များကို
ဖြေကြားပေးခြင်း။
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏လှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်
များအား Websiteနှင့် Social Mediaတို့တွင် လွှင့်တင်ခြင်း။
- E-Government၏ ဆောင်ရွက်မှုကဏ္ဍတစ်ခုဖြစ်သည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသ
ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်ရာတွင် video
conferencing စနစ်ဖြင့် နည်းပညာပိုင်းဆိုင်ရာဆောင်ရွက်ပေးခြင်း။
- ခရီးသွားလုပ်ငန်းနှင့်ဆိုင်သော နိုင်ငံတကာအစည်းအဝေးပွဲများ၊ အခမ်းအနားများနှင့်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လှုပ်ရှားမှုများအား
ရုပ်သံမှတ်တမ်းတင်ခြင်း။
- မြန်မာနိုင်ငံအတွင်းဝင်ရောက်လာသော အထူးခရီးစဉ်များဖြစ်သည့် မော်တော်ကား
ယာဉ်တန်းခရီးစဉ်များ၊ မော်တော်ဆိုင်ကယ်ယာဉ်တန်းခရီးစဉ်များ၊
စက်ဘီးယာဉ်တန်းခရီးစဉ်များ၊ အပျော်စီးသင်္ဘောခရီးစဉ်များ၊
စက်တပ်ရွက်လှေခရီးစဉ်များ၊ မြစ်ကြောင်းခရီးစဉ်များနှင့်
စင်းလုံးငှားလေယာဉ်ခရီးစဉ်များအတွက် ခွင့်ပြုမိန့် လုပ်ငန်းစဉ်များကို
စီစဉ်ဆောင်ရွက်ခြင်း။
- ခရီးစဉ်သတင်းများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) သို့ပေးပို့ခြင်း၊
ဝန်ကြီးဌာန Websiteနှင့် Facebookတို့တွင် ခရီးစဉ်သတင်းများ လွှင့်တင်ခြင်း။
e-Government ဌာနခွဲ လုပ်ငန်းတာဝန်များ
- အစိုးရအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ e-Government ဆိုင်ရာ Common Application
လုပ်ငန်းများ အောင်မြင်တိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်း။
- ဝန်ကြီးဌာန၏ ICT လုပ်ငန်းများကို တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
- ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ICT လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်၍ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင်
အကောင်အထည် ဖော်ဆောင်ရွက်ခြင်း။
- ခေတ်နှင့်လျော်ညီသော နည်းပညာအသစ်များကို စဉ်ဆက်မပြတ်ရှာဖွေလေ့လာ၍
ဝန်ကြီး ဌာန၏ လုပ်ငန်းစဉ်များတွင် အသုံးချနိုင်ရေးအတွက် ပြုစုတင်ပြခြင်း။
- ဝန်ကြီးဌာနတွင်း ICT ကျွမ်းကျင်ဝန်ထမ်းများ တိုးတက်များပြားလာစေရေးအတွက်
သင်တန်း များ စီစဉ်ပို့ချပေးခြင်း။
- ကာလတို/ကာလရှည် e-Government စီမံကိန်းများ ရေးဆွဲတင်ပြခြင်းနှင့် လိုအပ်သော
ဘဏ္ဍာငွေ လျာထားတင်ပြတောင်းခြင်း။
ဦးစီးရုံး
- ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၏ ပြည်တွင်းပြည်ပခရီးစဉ်များ
ကို စီစဉ်ဆောင်ရွက်ပေးခြင်း။
- ပြည်ထောင်စုဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊
အခြားဝန်ကြီးဌာနများနှင့်ဆက်စပ်သောအကြောင်းအရာများ၊ မိန့်ခွန်းများနှင့်
ခရီးစဉ်များအား စီမံ ဆောင်ရွက်ခြင်း။
- ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၏ အိမ်အလုပ်သမားများအား
လစာများစီမံပေးခြင်း။
- ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်
ဒုတိယအမြဲတမ်းအတွင်းဝန်တို့ထံ တင်ပြသောစာများအား ဝင်စာမှတ်ပုံတင်ခြင်း။
- အခါအားလျော်စွာ ပေးအပ်သောဝန်ထမ်းတာဝန်များကို ထမ်းဆောင်ခြင်း။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
- လစာ၊ပင်စင်၊အလုပ်သမားကိုယ်ရေးမှတ်တမ်း၊ အဆောက်အအုံနှင့်စက်ပစ္စည်းပြုပြင်
ထိန်းသိမ်းရေးလုပ်ငန်းများအပါအဝင် ဌာန၏ဌာနတွင်းစာရင်းအင်းနှင့် တရားဝင်
လုပ်ငန်းများအားစီမံခြင်း။
- ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းနှင့် ရန်ပုံငွေခွဲဝေကြီးကြပ်ထိန်းသိမ်းခြင်း။
- ပုဂ္ဂလိကသို့ဌားရမ်းထားသည့်ဟိုတယ်များနှင့် JV
ဟိုတယ်များမှဌားရမ်းခများတောင်းခံခြင်း။
- နိုင်ငံခြားငွေကြေးများနှင့်ပတ်သက်၍စီမံခြင်း။
- လချုပ်စာရင်းပြုစုခြင်း။
- နှစ်ချုပ်စာရင်းများအရစာရင်းပေါင်းချုပ်ရေးဆွဲတင်ပြခြင်း။
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်အစီရင်ခံစာများကို ပြန်လည်ဖြေကြားတင်
ပြခြင်း။
- ရုံးခွဲများပူးပေါင်း၍ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ခြင်း။
ဟိုတယ်လုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းကြီးကြပ်မှုဌာနခွဲ
- ဟိုတယ်၊မိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်များစီစစ်ထုတ်ပေးခြင်း။
- ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်များ စီစစ်ထုတ်ပေးခြင်း။
- ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်များ စီစစ်ထုတ်ပေးခြင်း။
- ဧည့်လမ်းညွှန်လိုင်စင်များ စီစစ်ထုတ်ပေးခြင်း။
- ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာဥပဒေများ၊စည်းမျဉ်းစည်းကမ်းများ၊အမိန့်များ
နှင့်ညွှန်ကြားချက်များကိုကြီးကြပ်ခြင်း။
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှထုတ်ပေးထားသောလုပ်ငန်းလိုင်စဉ်များ
အားစစ်ဆေးကြီးကြပ်ခြင်း။
- ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာစာရင်းအင်းကိန်းဂဏန်းအချက်အလက်များအား
စစ်ဆေးကြီးကြပ်ခြင်း။
- လုပ်ငန်းလိုင်စင်လေးမျိုးအားထုတ်ပေးသောဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊
နယ်ရုံးခွဲများ၏ အလုပ်တာဝန်များအားစီမံခြင်း။
- ဟိုတယ်နှင့်ခရီးသွားမြင့်တင်ရေး၊သင်တန်းများဖွင့်လှစ်နိုင်ခြင်းဆိုင်ရာလုပ်ငန်းများအား
လူအရင်းအမြစ်စီမံခန့်ခွဲမှုဌာနနှင့်အတူတူညီပံ့ပိုးဆောင်ရွက်ခြင်း။
လေ့ကျင့်ပေးရေးနှင့်ပညာပေးရေးဌာနခွဲ
- ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြုလုပ်သည့်အစည်းအဝေးများ၊
ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများနှင့် အခြားကိစ္စများသို့ ကိုယ်စားလှယ် စေလွတ်ရန်
အတွက် တာဝန်ခံစေလွတ်ခြင်း။
- ပြင်ပပုဂ္ဂလိကအနေဖြင့်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်းများ
အားညှိနှုင်းကြီးကြပ် ဆောင်ရွက်ခြင်း။
- မြန်မာနိုင်ငံတွင် သင်တန်းအဆောင်အအုံများတည်ဆောင်နိုင်ရန်
ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွင်ခြင်း။
- သင်တန်းနှင့်သင်တန်းသားရာဇဝင်များအား မှတ်တမ်းတင်သိမ်းဆည်းခြင်း။
- ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၏ဒေသအလိုက်လေ့ကျင့်ရေးသင်တန်းများအားစီစဉ်
ခြင်း။
- ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏စာကြည့်တိုက်ဖွင့်လှစ်ထားရှိခြင်း။
- ခရီးသွားလုပ်ငန်းလေ့ကျင့်ပေးရေးနှင့်သင်တန်းပေးရေးဌာနခွဲ၏အုပ်ချုပ်မှုဆိုင်ရာစီမံ
ခြင်း။
- အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကိုထမ်းဆောင်ခြင်း။
စီမံကိန်းဌာနခွဲ
- ဟိုတယ်စီမံကိန်းအဆိုပြုရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်သက်ဆိုင်သည့်အချက်
အလက်များအားပြည်တွင်း၊ပြည်ပလုပ်ရှင်များထံသို့အသိပေးခြင်း။
- ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များမှတင်ပြလာသောဟိုတယ်စီမံကိန်းအဆိုပြုချက်များ
အားစစ်ဆေးခြင်း။
- ဟိုတယ်ဇုန်ဖော်ထုတ်ခြင်း၊
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏အခြားဌာနခွဲများ၊
သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။
- ဟိုတယ်စီမံကိန်းအသစ်များဖော်ထုတ်ခြင်း၊ ဖြစ်နိုင်ခြေလေ့လာသုံးသပ်ခြင်းနှင့်
အကောင်အထည်ဖော်ရန်စီမံခြင်း။
- ပြည်တွင်း၊ပြည်ပဟိုတယ်စီမံကိန်းများအတွက် စာချုပ်ဥပဒေပြဌာန်းချက်၊
လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီစီမံခြင်း။
- ပြည်တွင်း၊ပြည်ပစီမံကိန်းများအကောင်အထည်ဖော်မှုစီမံခြင်း။
- စာချုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်စီမံကိန်းလုပ်ငန်းအကောင်
အထည်ဖော်ခြင်းကို စဉ်ဆက်မပြတ်ကြီးကြပ်ကွပ်ကဲခြင်း။
- စာချုပ်ဖောက်ဖျက်မှုအပေါ်ဥပဒေအရဆောင်ရွက်နိုင်ခြင်းအားစီစစ်တင်ပြခြင်း။
- ဟိုတယ်၏လုပ်ငန်းသုံးပစ္စည်းများ၊ အခွန်အခများနှင့် အခြားကိစ္စရပ်များကို
သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း။
- စီမံကိန်း၏ဆောက်လုပ်ရေးဒီဇိုင်းအား ကြည့်ရှုစစ်ဆေးခြင်း။
- စာချုပ်များပြုစုရေးသားခြင်း။
နိုင်ငံတကာနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ
- အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၊ မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်)၊
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်(စီအယ်လ်အမ်ဗွီ)၊ ဧရာဝတီ-
ကျောက်ဖယား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်)၊
ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ် အော်
ဦးဆောင်ဦးရွက်ပြုမည့်အစီအစဉ်။
- ဌာနများ၏လစဉ်ရသုံးဘဏ္ဍာငွေအချက်အလက်များကိုစီစစ်ခြင်း။
- နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း။