ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအတွက် ဗီဇာကင်းလွတ်ခွင့် (Exemption) အား
၁-၇-၂၀၂၂ ရက်နေ့မှ စ၍ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း
-
မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊
သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအတွက် ဗီဇာကင်းလွတ်ခွင့် (Exemption) အား
၁-၇-၂၀၂၂ ရက်နေ့မှစ၍ စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် (၁၉)
ရောဂါ ကာကွယ်၊ ထိန်းချူပ်၊ ကုသရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ
ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
-
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူကမ္ဘာလှည့်ခရီးသွားများ
အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဝင်ရောက်လာပါက ဗီဇာကင်းလွတ်ခွင့် (Exemption) အား အောက်ပါအတိုင်း
ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်-
-
(က) နိုင်ငံကူးလက်မှတ်သတ်တမ်းအနည်းဆုံး (၆) လ ရှိရမည်ဖြစ်ပြီး (၆) လ
အောက်ဖြစ်ပါက ပြည်ဝင်ခွင့်မပြုဘဲ ခရီးသည်လိုက်ပါလာသည့် လေကြောင်းလိုင်းဖြင့်
ပြန်လည်တင်ပို့ခြင်း ခံရမည်ဖြစ်ပါသည်။
-
(ခ) နေခွင့်ရက်ပေါင်း (၃၀) ခွင့်ပြုမည်ဖြစ်ပြီး သက်တမ်းတိုးမြှင့်ပေးရန်
လျှောက်ထားခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။
-
(ဂ) နေထိုင်ခွင့် သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ပါက သတ်မှတ်
ရက်လွန်ဒဏ်ကြေး အခငွေပေးဆောင်ရမည်ဖြစ်ပါသည်။
-
ဗီဇာကင်းလွတ်ခွင့် (Exemption) ဖြင့်ဝင်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သာမန်နိုင်ငံ
ကူးလက်မှတ် ကိုင်ဆောင်သူများသည် အောက်ဖော်ပြပါစည်းကမ်းများကို လိုက်နာနေထိုင်ရပါမည်-
-
(က) မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရမည်ဖြစ်
ပါသည်။
-
(ခ) မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ တားမြစ်ကန့်သတ်ထားသော နယ်မြေမှအပ
နိုင်ငံခြားသားများ သွားလာခွင့်ရှိသည့် နေရာများကို လွတ်လပ်စွာ သွားလာနိုင်သည်။
-
(ဂ) ဗီဇာကင်းလွတ်ခွင့် (Exemption) ဖြင့်ဝင်ရောက်ရန် ရောက်ရှိလာသူသည် သက်ဆိုင်ရာ
လုံခြုံရေးဌာန/အဖွဲ့အစည်းများမှ ခွင့်မပြုလျင်သော်လည်ကောင်း၊ လူဝင်မှုကြီးကြပ်ရေး
ဦးစီးဌာန၏ အမည်မည်းစာရင်း (Blacklist) တွင်ပါဝင်ပါက ပြည်ဝင်ခွင့်အားငြင်းပယ်
သွားမည်ဖြစ်ပြီး ခရီးသည်လိုက်ပါလာသည့် လေကြောင်းလိုင်းဖြင့် ပြန်လည်တင်ပို့ခြင်းခံ
ရမည်ဖြစ်ပါသည်။
-
(ဃ) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီဇာကင်းလွတ်ခွင့် (Exemption) ဖြင့် ဝင်ရောက်လာသူ
သည်မည်သည့် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ မဆိုပြန်လည် ထွက်ခွာနိုင်မည်
ဖြစ်ပါသည်။
Learn More
http://www.mip.gov.mm/